နတ်မောက် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန တွင် ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့ အခြေခံ ကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကျောင်းသား ကျောင်းသူ ကလေးငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်း၏ စည်းမျဉ်း စည်းကမ်းများကို သင်တန်းသား/သူများအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမဲ့ကွန်ပျူတာသင်တန်းကို ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်း နည်းပြအဖြစ် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဖြိုးအိအိဇော်က ကွန်ပျူတာအခြေခံ ဘာသာရပ်များကို နေ့စဉ် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)


