ပန်းတနော် ဒီဇင်ဘာ ၁၄

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက်က မင်းဂရုကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဒေါ်ဝတ်ရည်ထွန်းနှင့် ဝန်ထမ်းများက မင်းဂရုကျေး ရွာအုပ်စုရှိ အသက်(၁၆)နှစ်နှင့် အထက် (၂၀)ဦး၊ အသက်(၁၈)နှစ်နှင့်အထက် (၄၃)ဦး၊ ပျောက်/ပျက်မိတ္တူ(၂၈)ဦး စုစုပေါင်း(၉၁)ဦးတို့အား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ ဆက်)