အဒစ်အဘာဘာ ဒီဇင်ဘာ ၁၄
အာဖရိကတိုက်၌ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းအချိန်အထိ ကိုဗစ်၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈၉၄၄၀၉၇ ဦး ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။
သေဆုံးသူပေါင်း ၂၄၉၂၀ ရှိ အာဖရိကသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက် တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၂၄၉၂၀ ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၈၂၁၅၃၀၇ ဦးရှိကြောင်း သိရသည်။
အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယား နိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း သုံးသန်းကျော်ရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၅၁၄၈၂ ဦး ရှိကြောင်း သိရသည်။
အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံး ဒေသဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဒုတိယအများဆုံး ဒေသများဖြစ်ကာ အာဖရိကအလယ်ပိုင်း ဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အနည်းဆုံးဒေသဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်