ကျောက်တံခါး ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP)အစီအစဉ်အရပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၁၇)နှစ်အောက် ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲ နှင့်ဆုချီး မြှင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၁၇)နှစ်အောက် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများဖြစ်သည့် မီတာ (၁၀၀) (၂၀၀) အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပဲခူးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါက်တာဇင်သက်ဦးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စန်းစန်း(မြို့နယ်ပြန်/ဆက်)


