ဘူးသီးတောင် ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ (၄၇)နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၁ ခုနှစ်၊ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအား ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက ဖတ်ကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ခေါင်းအုန်းရိုက်၊ ချောတိုင်၊ လွန်ဆွဲ၊ ကင်းမြီးကောက်၊ မုန့်ကိုက်၊ ပူစီပေါင်းဖောက်၊ မီတာ (၁၀၀)၊ ဂုန်နီအိတ်စွပ်၊ အပ်ခြေထိုး၊ ကွမ်းသီးကောက်၊ ခြေပူး၊ ရေအိုးခေါင်းရွက် စသည့်ပြိုင်ပွဲများ ပါဝင်သည့် ပြိုင်ပွဲ(၁၅)မျိုးကို ဘူးသီးတောင်မြို့ မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိပြီး ညနေပိုင်းတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)


