လက်ပံတန်း  ဒီဇင်ဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးထားရှိမှု များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဉာဏ်မြင့်တို့သည်  ဒီဇင်ဘာ ၁၄ ရက်က  ကွင်းဆင်း ကြည့်ရှု ခဲ့ကြသည်။

လက်ပံတန်းမြို့ နယ်စိန်တုံးကျေးရွာရှိ တောင်သူ ဦးဟန်ဌေးနှင့် တောင်သူ ဦးဉာဏ်သောင်း တို့၏ စိုက်ခင်းများအားကြည့်ရှုခဲ့သည်၊၊ နေကြာသီးညှပ် စိုက်ပျိုးမှုများနှင့်ပတ်သတ်၍   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဉာဏ်မြင့်က မြို့နယ်အတွင်း စားသုံးဆီဖူလုံရေး အတွက် ကျေးရွာအုပ်စု(၁၈) အုပ်စုတွင် ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ်ဧက(၄၀၀)စိုက်ပျိုးထားရှိပြီး  ဖြစ်ထွန်းလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

 မြို့နယ်  ပြန်/ဆက်