ပေါက်ခေါင်း   ဒီဇင်ဘာ   ၁၅

 

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ် ကြံသီးနှံအထွက်တိုး နည်းပညာသုံး စံပြကွက်အား ကြံခုတ်စက်ဖြင့် ခုတ်သိမ်းပြသခြင်းကို ယနေ့ နံနက် ၉ နာရီက အင်ငါးခွကျေးရွာ တောင်သူ ဦးဇော်ဝင်း၏ ကြံစိုက်ခင်း ကွင်းအမှတ်(၇၁၉)တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ကွင်းသရုပ်ပြပွဲသို့ ပြည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ပြည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစန်းလွင်၊ အင်ငါးခွသကြားစက် စက်ရုံမှူး၊ ဌာဆိုင်ရာတာဝန်ရှိသူများနှင့် ကြံစိုက်တောင်သူများ တက်ရောက်ခဲ့ပြီး ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့် သကြားစက် စက်ရုံမှူးတို့မှ စိုက်ပျိုးရေးနည်းပညာများအကြောင်းနှင့် ကြံခုတ်စက်အသုံးပြု ခုတ်သိမ်းခြင်းဖြင့် ရရှိလာမည့်အားသာချက် များကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါကြံသီးနှံ စံပြကွက်ခုတ်သိမ်းရာတွင် တောင်သူဦးဇော်ဝင်း၏ ကြံစိုက်ဧက(၂.၀၀)ဧကတွင် ကြံခုတ်စက်ဖြင့် ခုတ်သိမ်းခဲ့ရာ တစ်ဧက (၄၇)တန်ကျော်ထွက်ရှိကြောင်း သိရသည်။

 

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ကြံစိုက်ဧက(၂၀၉၀၁)ဧကကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)