ရွာငံ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ် တောင်ပိုင်းဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ရှောက်သံပုရာ လိမ္မော်မျိုးရင်းဝင်သီးနှံများ ပြပွဲ/ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်တောင်သူများအား အမှတ်တရဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို အဆိုပါဌာနရှိ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။
ပေးအပ်ပွဲတွင် ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးသန့်က စိုက်ပျိုးရေးကဏ္ဍဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်ရေဆင်း၌ ကျင်းပခဲ့သည့် ရှောက်သံပရာ လိမ္မော် မျိုးရင်းဝင်သီးနှံများ ပြပွဲ၊ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်င်ခဲ့ကြသည့် တောင်သူများအား အမှတ်တရဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများပေးအပ်သည်။ ဆက်လက်၍ ၂၀၂၀ ခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးစပါး(၄)ဧက ထိခိုက်ပျက်စီးသွားသည့် ဆည်ရွာကျေးရွာရှိ တောင်သူများအား မြေသြဇာများ ထောက်ပံ့ပေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်