နေပြည်တော်   ဒီဇင်ဘာ   ၁၅

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၁ ခုနှစ် စတုတ္ထ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၁) ကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀  နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်အမှာ စကားပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ စတုတ္ထ (၃) လပတ် လုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန် ရှိသည်များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ သူရဦးဘိုနီနှင့် ဤအဖွဲ့ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခချုပ်များ၊ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။

 

သတင်းစဉ်