နတ်တလင်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် မကျီးစုအုပ်စု သပြေလှကျေးရွာတွင် ဒီဇင်ဘာ ၁၆ ရက် နံနက် ၃ နာရီခွဲခန့်က ကျေးရွာနေ ဦးတင်မောင်းဝင်း နေအိမ်နောက်ဘက် မီးဖိုရှိ မီးကြွင်းမီးကျန်မှ စတင်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်(၃)လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တာပွန်နယ်မြေ မီးသတ်စခန်းနှင့် နယ်မြေရဲစခန်းတို့အား အကြောင်းကြားခဲ့ရာ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်နှစ်စီးနှင့် မီးသတ်တာဝန်ခံနှင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်ရာနေရာသို့ သွားရောက်ငြှိမ်းသတ်ခဲ့ကြကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဦးတင်မောင်ဝင်းအား တာပွန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်မြင့် (နတ်တလင်း)