မိုင်းယန်း ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားလျော့ချဖို့နှင့် ကလေးငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခုလိုဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက အရွယ်မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိလာရသည့် အဓိကအကြောင်းရင်းများ၊ ကလေးအလုပ် သမားပပျောက်ရေးအတွက် ကြိုတင်ကာကွယ်တားဆီးရမည့်အချက်များ၊ ကလေးငယ်များနှင့် ပတ်သက်ပြီး ရသင့်ရထိုက်တဲ့အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေး ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ဉပဒေဆိုင်ရာများ၊ ကလေးများအပေါ် မတရားညင်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေ မှုများ ကြုံတွေလာပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)