ကံမ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ခံများနှင့်အတူ ကံမမြို့နယ်ရှိ တည်ဆောက်ဆဲ အခြေခံပညာကျောင်းဆောင်သစ်များအား ဒီဇင်ဘာ ၁၇ ရက်က ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြတ်ဖူးရောင်ချယ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက် သည့် အခြေခံပညာ ကျောင်းများဖြစ်သော ကွမ်းခြံကျောင်း၊ တောင်ပို့တရာကျောင်း၊ ဇီးအိုင်ကျောင်း၊ စစ္စရံကျောင်း၊ မြဝတီကျောင်းနှင့် အလယ်ချောင်းကျောင်းတို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ရက်အတွင်း ပြီးစီးရေးတို့အား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)