ငဖဲ   ဒီဇင်ဘာ   ၁၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ရင်းရှည်ကျေးရွာ ဘက်စုံသုံးခန်းမတွင် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ဒုတိယလဝကမှူး ဦးအောင်ကိုလတ်နှင့် ဝန်ထမ်းများက ရင်းရှည်ကျေးရွာမှ နိုင်ငံသား စိစစ်ရေး ကတ်မပြုလုပ်ရသေးသူ ၆(က) ခုနစ်ဦး၊ ၃(က)ပြုလုပ်သူ ၁၀ ဦး၊ အသစ်လဲလှယ်သူ ၂၁ ဦးနှင့် မိတ္တူ ပြုလုပ်သူ ရှစ်ဦး စုစုပေါင်းပြည်သူ ၄၆ ဦးအား အထောက်အထားများစိစစ်ကာ ပြုလုပ်ဆောင်ရွက်ပေးခဲ့ သည်။

 

ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးလျက်ရှိရာ ယနေ့အထိ အိမ်ထောင်စုစာရင်း ၂၇၁ စု၊ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်ပြုလုပ်သူ ၆(က) ၂၄၇ ဦး၊ အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင် ပြုလုပ်သူ ၃(က) ၁၉၂ ဦး၊ အသစ်လဲလှယ်သူ ၄၅၁ ဦးနှင့် ပျောက်ဆုံး/ပျက်စီး မိတ္တူပြုလုပ်သူ ၃၄၇ ဦး စုစုပေါင်း ပြည်သူ ၁၂၃၇ ဦးအား ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)