နတ်တလင်း   ဒီဇင်ဘာ   ၁၈

 

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအ‌ခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက မြို့နယ်စာရေး ဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် ဦးကျော်မြင့်(မောင်ရွှေလူ) (ကျော်မြင့်-ရွှေ) က မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ဆရာဦးညွန့်၀င်း (ညွန့်၀င်း နတ်တလင်း)က အတွင်းရေးမှူးအဖြစ် လည်ကောင်း၊ ဦး၀င်းထင် (၀င်းတင် နတ်တလင်း)က ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း အသီးသီးတာဝန်ယူ ဆောင်ရွက်ပြီး မြို့နယ်စာရေး ဆရာအသင်း၀င် စုစုပေါင်း ရှစ်ဦး ဖြင့် ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)