မင်းလှ ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတွင် မီးလောင်ပျက်စီး ဆုံးရှုံးသွားသော နေအိမ်မှ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က မီးဘေးသင့်ပြည်သူများကို အားပေးစကားများ ပြောကြားပြီး သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး စကားများပြောကြားသည်။
ထို့နောက် ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတွင် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက မီးလောင် ပျက်စီးခဲ့သော မီးဘေးသင့်နေအိမ် ၁၆ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ် ၁၆ သိန်း၊ မီးဘေးသင့်ပြည်သူ စုစုပေါင်း ၇၄ ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် ၁၅၅၄၀၀ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၁၇၅၅၄၀၀နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပလတ်စတစ်ပုံး ၁၆ ပုံးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိတို့က မီးဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)