မုဒုံ   ဒီဇင်ဘာ   ၁၈

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာ လေးရွာမှ  ပြည်သူများကို အဆိုပါ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ ဒီဇင်ဘာ ၁၇ ရက်က နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးမှူး  ဦးအောင်မော်နှင့်  ဝန်ထမ်းများက ကျောက်တလုံးကျေးရွာ၊ ဘဲရမ်းကျေးရွာ၊ ကမာဝက်မြို့ ထောင်ကေးရပ်ကွက်နှင့် ကောပီထော်ကျေးရွာများရှိ ဒေသခံပြည်သူများအား ၃ (က) သုံးဦး၊ ၆ (က) ၁၃ ဦး၊ လဲလှယ် ၁၄၈ ဦး၊ မိတ္တူ ၁၀၂ ဦး စုစုပေါင်း ၂၆၆ ဦးနှင့်  အိမ်ထောင်စု လူဦးရေစာရင်း ၂၀၈ စုကို စိစစ်ပေးခြင်း၊ သေဆုံး ပယ်ဖျက် ၁၇ ကို ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် မေ ၃ ရက်မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များကို ဆောင်ရွက်လျက်ရှိရာ မုဒုံမြို့နယ်၌ ယနေ့အထိ လူဦးရေ ၆၅၀၀ ကျော်ကို ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)