ရန်ကုန်   ဒီဇင်ဘာ   ၁၈

 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာ စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ကာ ဒီဇင်ဘာ အားကစားလ လမ်းလျှောက်ပွဲနှင့် ကိုယ်လက်ကြံ့ခိုင်ရေး သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခြင်းကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

စုပေါင်းလမ်းလျှောက်ပွဲအား တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယ မြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တာမွေမြို့နယ် အားကစားနှင့် ကာယပညသိပ္ပံ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား ကျောင်းသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များ နှင့်အညီ ပါဝင်ဆင်နွှဲကြပြီး ပြည်သူ့ရင်ပြင်တွင် တစ်ဦးနှင့် တစ်ဦး ၁၀ ပေအကွာ နေရာယူ၍ ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်း စုပေါင်းလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန် /ဆက်)