ကန့်ဘလူ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအသင်း (Women Club) တို့ပူးပေါင်း၍ လက်မှုပညာ (ပန်းကြယ်သီးထိုးနည်း) သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကိုဗစ်- ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် အမျိုးသား၊ အမျိုးသမီးဝတ် အင်္ကျီများတွင်တပ်ဆင်သည့် ပန်းကြယ်သီးအမျိုးမျိုး ထိုးနည်းများကို ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်တာကာလ၌ နည်းပြဆရာမ အမျိုးသမီးအသင်း (Women Club) ဝင် ဒေါ်ခင်ဖုန်းချစ်က လက်တွေ့သင်ကြားပြသပေးမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)