မော်လမြိုင် ဒီဇင်ဘာ ၁၉


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်  ပြည်သူ့အကျိုးပြု မှတ်တမ်းဓါတ်ပုံများ၊ နေ့ထူးနေ့မြတ်ဆိုင်သည့် အကြောင်းအရာများကို စဉ်ဆက်မပြတ် ပြသပေးလျက်ရှိသကဲ့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ပါ မှတ်တမ်း ဓာတ်ပုံများကိုလည်း ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ပြသပေးထားရာ   ယနေ့နံနက်ပိုင်းတွင် လာရောက်ကြည့်ရှုသူ များပြားကြောင်း သိရသည်။

 

အဆိုပါနံရံကပ်ပြဘုတ်တွင် ပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်အကောင်ထည်ဖော် ဆောင်ရွက်ချက်များကို ပြည်သူများ အလွယ်တကူ ကြည့်ရှုနိုင်စေရန်အတွက် မှတ်တမ်းဓာတ်ပုံများအား ဗီနိုင်းပိုစတာကြီးဖြင့် ပြသပေးထားရာ စာဖတ်ပရိတ်သတ်များ၊ လမ်းသွား၊ လမ်းလာ ပြည်သူများကလည်း စိတ်ပါဝင်စားစွာ ဝင်ရောက်ကြည့်ရှုကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)