မြို့သစ်  ဒီဇင်ဘာ ၂၀

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် တစ်ပိုင်တစ်နိုင်အုတ်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

အုတ်လုပ်ငန်းလုပ်ကိုင်ရာတွင် ကိုဗစ်-၁၉ ကာလဖြစ်သော်လည်း ပွင့်လင်းရာသီရောက်လာပြီး မြေအုတ်မှာယူသူ များလာသဖြင့် လုပ်ငန်းများ ပြန်လည်လည်ပတ်လာကာ မြေအုတ်လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

 

အုတ်များပြုလုပ်ရာတွင် မြေစေးသည် အကောင်းဆုံးမြေတစ်မျိုးဖြစ်ပြီး ရှေးဦးစွာ မြေများကို ရေဖြင့်နှပ်ပေးထားရကြောင်း၊ နှပ်ပြီးသော မြေစေးများကို ပုံစံခွက်ဖြင့် ပုံသွင်းကာ ခြောက်သွေ့အောင် နေလှန်းပေးရကြောင်း၊ ခြောက်သွေ့သော မြေအုတ်များရရှိပါက မီးဖုတ်ရန်အတွက် စနစ်တကျစီပြီးမီးဖုတ်ကာ မီးကျက်သွားမှ ရောင်းတန်းဝင်အရည်အသွေးမှီ အုတ်များရရှိကြောင်း သိရသည်။

 

သန်းဝင်းထွန်း( ပြန်/ဆက်)