ငါးသိုင်းချောင်း ဒီဇင်ဘာ ၂၀

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ပြည်သူ့အားကစားကွင်းသို့ ရောက်ရှိပြီး ပြည်သူ့အားကစားကွင်း (ဘောလုံးကွင်း)၊ အထူးတန်းပွဲကြည့်စင်နှင့် ကိုယ်ထူကိုယ်ထ မိုးလုံလေလုံအားကစားခန်းမတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဟာတင်နှင့် ကော်မတီဝင်များအား တွေ့ဆုံ၍ သက်ဆိုင်ရာ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းချိတ်ဆက်လျက် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားမြှင့်တင် ဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)