စဉ့်ကိုင် ဒီဇင်ဘာ  ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ကျေးရွာတောင်သူများကို ၂၀၂၁ ခုနှစ် ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမှုကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း၊ တောင်သူများကို နိုင်ငံတော်မှ သက်သာသော အတိုးနှုန်းများဖြင့် စီးပွားရေးအဆင်ပြေစေရေးအတွက် ဆောင်းသီနှံစိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ပဲအမျိုးမျိုး၊ နှမ်း၊ ကုလားပဲ၊ ကြက်သွန်နီ၊ ဝါ စသည့်သီးနှံများအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးကြည်စိုးက ပြောသည်။

 

စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အနေဖြင့် ကျေးရွာ (၂၄)အုပ်စုမှ တောင်သူ ၇၁၉ ဦးတို့ကို ငွေကျပ် ၂၈၁၃၀၀၀၀ဝ အား ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ချေးငွေ အမြန်ဆုံး ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)