နေပြည်တော်၊ ဒီဇင်ဘာ ၂၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီတွင် ဗန်းမော်မြို့၊ ရွှေပြည်သာရပ်ကွက်၊ မြို့ပတ်လမ်းတွင် ထွန်းအေး(ခ)အောင်မျိုးသူ မောင်းနှင်ပြီး မာတူး(ခ)ယော်ထုန် လိုက်ပါလာသည့် ဆိုင်ကယ်ကို စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြေနီကုန်းလမ်းဆုံ၊ အာရှလမ်းမကြီးတွင် မနီလာအောင် မောင်းနှင်ပြီး မအိမြတ်မြတ်မျိုး(ခ)အိလေး လိုက်ပါလာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း။
အလားတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ရှမ်းကွင်းလမ်းတွင် ပါသဲယို ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၀၄ ကီလို ကိုလည်းကောင်း၊ ထို့ပြင် ဒီဇင်ဘာ ၁၈ ရက် ည ၉ နာရီတွင် ကျောက်မဲ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ မန့်နားလမ်းရှိ အောင်လွင်ဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)