နေပြည်တော်   ဒီဇင်ဘာ   ၂၀

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂) ပြန်တမ်းဝင် အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊  စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တ ကျောင်းအုပ် ကြီး ဗိုလ်မှူးကြီး ဇော်မန်းဖြိုးနှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော် အရာရှိကြီး များနှင့် တပ်မတော်ဆေး တက္ကသိုလ် ခေတ္တ ကျောင်းအုပ်ကြီးတို့သည် စင်မြင့် ထက်တွင် နေရာယူကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က ကျောင်းဆင်း ဗိုလ်လောင်းတစ်ဦး ချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ် သည်။

ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီးနောက် စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လင်းအောင်က အမှာစကား ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)