ကန်ဘာရာ ဒီဇင်ဘာ ၂၁

 

ဩစတြေးလျနိုင်ငံ မြို့တော်တွင် ဒီဇင်ဘာ ၂၀ ရက်မှစတင်ကာ အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် စာရင်းပေးသွင်းနိုင်ပြီဟု သိရသည်။

 

ကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ကြိုတင်စာရင်းပေးသွင်းမှုနှင့်အတူ ဇန်နဝါရီ ၁၀ ရက်မှ စတင်မည် ဖြစ်သည်။ ကလေးများတွင် ကိုဗစ်- ၁၉ ရောဂါလက္ခဏာ ပြင်းထန်မှုမရှိသော်လည်း ရောဂါကူးစက်မှုမှာ ဆက်လက်ရှိနေဦးမည်ဟု မြို့တော်နယ်မြေ ကျန်းမာရေးဝန်ကြီး ရေချယ်စတက်ဖန် စမစ်က ပြောသည်။ ကန်ဘာရာ မြို့ရှိ မိဘများသည် ၎င်းတို့၏ ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးလိုပြီး ကာကွယ်ဆေး ထိုးပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကို အကာအကွယ်ပေးနိုင်မည်ဟုလည်း ၎င်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးများအတွက် ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခြင်းမှာ လုံခြုံစိတ်ချရမှုရှိကြောင်း အတည်ပြုထားသည်။

 

ဩစတြေးလျနိုင်ငံတစ်လွှား ဒီဇင်ဘာ ၂၀ ရက်တွင် ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၄၀၀၀ နီးပါးရှိပြီး ဆေးရုံ တက်ရောက် ကုသရမှုနှုန်းနှင့် ကူးစက်မှုနှုန်းမှာ ပြန်လည်များ ပြားလာခဲ့သည်။ နယူးဆော့ဝေးလ် ပြည်နယ်တွင် ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၂၅၀၁ ဦးရှိပြီး ဗစ်တိုးရီးယားပြည်နယ်တွင် ၁၃၀၂ ဦးရှိသည်။

 

အင်န်အိတ်ချ်ကေ