မိုင်းဖြတ်   ဒီဇင်ဘာ   ၂၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားမှုကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ရာမှ မြို့နယ်အတွင်း ရောဂါပိုးကူးစက်မှု ကျဆင်းလာသည့်အတွက် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာဖြင့် စာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော် ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၏ စီမံကြီးကြပ်မှုဖြင့် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုံခြုံရေးကိစ္စရပ်များကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည်။ 

 

မိုင်းဖြတ်မြို့နယ်အနေဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၈၄ ကျောင်းရှိရာ ဒီဇင်ဘာ ၁၃ ရက်က ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ၇၆ ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၀၉၈ ဦး တက်ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၂၁ ရက်တွင် အခြေခံပညာကျောင်း ၈၃ ကျောင်း တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူ ၃၅၇၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

သန်းထွန်းအေး