ဒီဇင်ဘာ ၂၁

 

နယူးဇီလန်နိုင်ငံအစိုးရက ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမှကာကွယ်နိုင်ရန် လာမည့်နှစ်ဇန်နဝါရီလတွင် ၎င်းတို့၏အသက်ငါးနှစ်နှင့် ၁၁နှစ်ကြား ကလေးများ ကာကွယ်ဆေးထိုးနှံကြရန်  ယနေ့တွင် မိဘများအား တိုက်တွန်းပြောကြားထားသည်။

 

ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးဝန်ကြီးချာရစ်ဟစ်ကင်စ်က အသက်ငါးနှစ်နှင့် ၁၁ နှစ်ကြား ကလေးများအား ကာကွယ်ဆေးထိုးနှံပေးရန် ဝန်ကြီးအဖွဲ့က သဘောတူညီခဲ့သည်။

 

နယူးဇီလန်အစိုးရက နိုင်ငံအတွင်းရှိ မည်သူမဆို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှဘေးကင်းစေရန် အာရုံစိုက်လုပ်ဆောင်နေသည်ဟု ဟစ်ကင်စ်ကဆိုသည်။

 

အဆိုပါ ကလေးများ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ မှစတင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် အသက်ငါးနှစ်မှ ၁၁ နှစ်ကြားအရွယ် ၄၇၆၀၀၀ အား ထိုနေ့မှစတင်ကာ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးမည်ဖြစ်ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သီတင်းပတ်ရှစ်ပတ် အကြာတွင် ထိုးနှံပေးမည်ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို