ဒီဇင်ဘာ ၂၁
မလေးရှားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၈၉ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ကူးစက်ဖြစ်ပွားသူပေါင်း ၂၇၂၁၅၄၄ ဦး အထိရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထပ်မံရောဂါ ကူးစက်ခံရသူများအနက် ၄၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၅၄၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် ၄၃ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၁၁၃၅ ဦးရှိလာသည်။
ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၂၆၃၈၁၉၁ ဦးရှိသည်။
နိုင်ငံတစ်ဝန်းကိုဗစ်ဖြစ်ပွားဆဲလူနာ ၅၂၂၁၈ ဦးရှိပြီး ၎င်းတို့အနက် ၃၇၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည်။
ယမန်နေ့ကအထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူ ၁၄၅၀၀၄ ဦးရှိသည်။
နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေးတစ်ကြိမ်ထက်မနည်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၇၈ ဒသမ ၃ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီး ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို