ဒီဇင်ဘာ ၂၁
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လာမည်နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအဆုံးသတ်ရေး ကမ္ဘာတစ်ဝန်းပူးပေါင်းလုပ်ဆောင်ကြရန် ယနေ့တွင်ပြောကြားသည်။
၂၀၂၂ ခုနှစ်သည် ကိုဗစ်ရောဂါကူးစက်မှုအဆုံးသတ်သည့်နှစ်ဖြစ်ရမည်ဟု ကမ္ဘာ့ကုလသမဂ္ဂကျန်းမာရေး အေဂျင်စီကဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုနှစ်ကုန်ပိုင်းတွင် ပွဲတော်များကျင်းပလာတော့မည်ဖြစ်ရာ မိမိတို့အားလုံး ရောဂါကူးစက်မှုမရှိသည့် အခြေအနေသို့ပြန်လည်ရောက်ရှိစေလိုကြကြောင်းနှင့် မိမိတို့ကိုယ်တိုင် ကိုဗစ်ရောဂါကူးစက်မှု ကာကွယ်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယခုပွဲတော်များကိုကျင်းပဆင်နွှဲပြီး ဝမ်းနည်းကြေကွဲနေမည့်အစား ပွဲတော်များကို ယခုကျင်းပခြင်းမပြုလုပ်ပဲ နောင်တစ်ချိန်မှကျင်းပလျှင် ပိုမိုကောင်းမွန်သည်ဟု ဆိုသည်။
တောင်အာဖရိကတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ပြီးသည့်နောက် နိုင်ငံအများအပြားတွင် ယင်းကူးစက်မှုများကို တွေ့ရှိခဲ့သည်ဟု ထိုအဖွဲ့အစည်းက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို