ရန်ကုန် ဒီဇင်ဘာ ၂၁
လူမှုဖူလုံရေးအဖွဲ့က အာမခံအလုပ်သမားများ၏ အကျိုးခံစားခွင့်များကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်က လုပ်ငန်းခွင်ပြင်ပ မတော်တဆမှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲ(၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထားဌာန၊ တိုင်း ၇ အောက်မြန်မာပြည်မှ အာမခံအလုပ်သမား ဦးထိန်၀င်း၏ ကျန်ရစ်သူအကျိုးခံစားခွင့် စုစုပေါင်း ငွေလုံးငွေရင်းကျပ် ၁၁၈၈၀၀၀၀ (ကျပ် တစ်ရာ တစ်ဆယ့်ရှစ်သိန်း ရှစ်သောင်းတိတိ) အား ရန်ကုန်တိုင်းဒေသကြီး တာ၀န်ခံ အရာရှိ ဦးရဲဇော်၀င်းမှ ဇနီးဖြစ်သူ ဒေါ်ခင်ညွန့်ထံသို့ ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းအစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
ကိုသိုက်