ဒီဇင်ဘာ ၂၁

 

လာအိုနိုင်ငံတွင် လွန်ခဲ့သော၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၂၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၁၀၀၅၂၄ ဦးအထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

ထပ်မံကူးစက်ခံရသူများအနက် တစ်ဦးသည်ပြည်ပကူးစက်မှုဖြစ်ပြီး ၁၁၂၇ ဦးသည် ပြည်တွင်း ကူးစက်မှုဖြစ်ကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ရောဂါကာကွယ် ထိန်းချုပ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၀ ဦးထပ်မံသေဆုံးခဲ့ရာ ယနေ့အထိသေဆုံးသူစုစုပေါင်း ၂၈၄ ဦး ရှိလာသည်။

 

လာအိုနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ် ၂၄ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူနှစ်ဦး ပထမဦးဆုံးတွေ့ရှိကြောင်း အတည်ပြုပြောထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို