ငဖဲ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ပြုလုပ်သည်။
ရှေးဦးစွာ ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဌေးက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ ပြုလုပ် ပေးရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကျောင်းသား ကျောင်းသူများအချင်းချင်း အားကစား စိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြရန် အမှာစကားပြောကြားသည်။
ထို့နောက် အားကစားပြိုင်ပွဲများအဖြစ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ထုပ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အခြေခံပညာမူလတန်းဆင့် မီတာ ၅၀၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အားကစားပြိုင်ပွဲများကို သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)