ချောင်းသာ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက အထက(ချောင်းသာ)၌ ပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသူများက ထုပ်ဆီးတိုး အားကစားနည်းကို အတန်းအလိုက် ဝါ၊ စိမ်း၊ နီ၊ ပြာ၊ ခရမ်း၊ လိမ္မော် အသင်းအဖွဲ့စနစ်ဖြင့် အသင်းပတ်လည် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါအားကစားပြိုင်ပွဲများကို ကျောင်းသား ကျောင်းသူများ၊ လူငယ် လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ် ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် ကာယ၊ ဉာဏ၊ စွမ်းရည် များ ရင့်သန်လာစေရန်အတွက် ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)