နတ်မောက်  ဒီဇင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီက သရက်ချဉ်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးတင့်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် သရက်ချဉ်ကျေးရွာအတွင်းရှိ ပြည်သူများအား ၃(က)ဖြင့် ပြုလုပ်သူ အမျိုးသား (၂၉)ဦး၊ အမျိုးသမီး (၂၅)ဦး၊ ၆(က)ဖြင့် ပြုလုပ်သူ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၁၄)ဦး၊ စုစုပေါင်း (၇၄)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ရန်  ကျန်ရှိနေသည့် ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်းသင်းမြတ် (နတ်မောက်)