ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၁ ရက်က ဝါးရှိကျေးရွာအုပ်စု၊ ဝါးရှိကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ စာသင်ကျောင်းများ ဖွင့်လှစ်မှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်အထက်ရှိသူများ ကာကွယ်ဆေးမထိုးနှံရသေးပါက သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ သွားရောက်ထိုးနှံကြရန်၊ ကာကွယ်ဆေးကို အကြိမ်ရေပြည့်ထိုးနှံရန်တို့ကို အသိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

 

နိုင်လင်း (မြို့နယ် ပြန်/ဆက်)