ကျိုက်မရော ဒီဇင်ဘာ ၂၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ မြို့မအားကစားကွင်း၌ ဖူဆယ်အားကစားရုံ တည်ဆောက်မှုမှာ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖူးဆယ်အားကစားကွင်းကို၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ
၄၉ ဒသမ ၅ သန်းဖြင့် Golden Hill 2019 Co. Ltd. မှ တာဝန်ယူတည်ဆောက်ခဲ့ပြီး အားကစားရုံမှာ အလျား ၁၃၅ ပေ၊ အနံ ၇၅ပေ ရှိသည်။ အဆိုပါ ဖူဆယ်အားကစားရုံကို မြို့နယ်အတွင်းရှိ အားကစား ဝါသနာရှင်များအနေဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် လမ်းညွှန်ချက်များကို လိုက်နာပြီး အခမဲ့လာရောက် ကစားနိုင်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးကိုကိုဝင်းထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)