အမာ   ဒီဇင်ဘာ   ၂၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက  ပြုလုပ်ခဲ့​သည်။

 

အားကစားပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများက လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများနှင့် အခြားကစားနည်းများ၊ မူလတန်းမှ ကျောင်းသား ကျောင်းသူများက မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ အပါအဝင် အခြားကစားနည်း မျိုးစုံကို စုပေါင်း၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

 

အမာ(ပြန်/ဆက်)