မိုင်းယန်း ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ တောင်ပေါ်ကျေးရွာများမှ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုးစုရပ်များ၌ ဒီဇင်ဘာ ၂၁ ရက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး