မိုင်းယန်း ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ ပါမိုင်းရပ်ကွက်၌ ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ခရစ်စမတ်နေ့အကြို အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပ လျက်ရှိသည်။
အဆိုပါ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပရာတွင် ပါမိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပညာမင်က ဦးဆောင်၍ ရပ်ကွက်အတွင်းရှိ လူငယ်များ၊ ကလေးသူငယ်များအား အားကစားနှင့် ဉာဏ်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ဘောလုံး၊ ခြင်းလုံး၊ ဘောလီဘော စသည့် အားကစားနည်းများကို အသက်အရွယ်အလိုက် အသင်းအဖွဲ့များ ဖွဲ့စည်း၍ အားကစား ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်သည်။ အားကစားပြိုင်ပွဲများ၌ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသည့် အသင်းများအား ၂၀၂၂ ဇန်နဝါရီ ၁ ရက်တွင် ဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး


