နေပြည်တော် ဒီဇင်ဘာ ၂၂

 

တောင်ရှည်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီတွင် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ လသာကျေးရွာအနီး၊ မြိတ်-တနင်္သာရီသွား ကားလမ်းတွင် အောင်ဆန်းမွှေး (ခ) သန်းဦး မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ကိုသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့နယ်၊ ကျောက်မဲ - မူဆယ်သွား ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၀/၅) အနီးတွင် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ခရီးသည် ဟောက်လျန်ပေါင်နှင့် ခိုင်လန်ကျင့် တို့ထံမှ  ဘိန်းဖြူ ၂ ဒသမ ၈၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား