ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး နည်လမ်းများအား ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီက စည်ပင်လှကျေးရွာအတွင်း၌ လှည့်လည်နှိုးဆော်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား မိဘပြည်သူများအနေဖြင့် မဖြစ်မနေလိုက်နာဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသွားလာရာတွင် (၃)ယောက်စီးခြင်းနှင့် (၂)ယောက်စီးရာတွင် နောက်မှ အမျိုးသားလိုက်ပါစီးနင်းခြင်း၊ လုံးဝ(လုံးဝ) တားမြစ်ထားသည်ကို အလေးအနက်ထား လိုက်နာဆောင်ရွက်သွားကြရေးတို့ကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)