အထက်မင်းလှ ဒီဇင်ဘာ ၂၃

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၄ နာရီခွဲက မယ်ဇလီတောကျေးရွာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။

 

ထိုသို့ အသိပညာပေး‌နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီး ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ ထွက်ခွာသွားခြင်းမပြုရန်၊ မဖြစ်မနေ ထွက်ခွာသွားလာရပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ ခပ်ခွာခွာနေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

 

ထို့အပြင် မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်ဆေးထိုးစုရပ်များ၌ ထိုးနှံ‌ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်(၁၈)နှစ်အထက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သွားရောက်ထိုးနှံကြရန်နှင့် ကာကွယ်‌ဆေးကို အကြိမ်‌ရေပြည့်ထိုးနှံကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)