ရွှေသောင်ယံ ဒီဇင်ဘာ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ.မ.က(၁၈၃) ကျောက်တလုံးကျောင်းတွင် လာမည့် ဇန်နဝါရီလ (၄)ရက်နေ့၌ ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အားကစားပြိုင်ပွဲများတွင် ကလေးများ ကာယ၊ ညာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများဖြင့် ယှဉ်ပြိုင်‌ပေးခဲ့ကြရာ အ.မ.က(၁၈၃) ကျောက်တလုံးကျောင်းရှိ ကလေးငယ်များအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကစားကြသည်။

 

ဆက်လက်၍ ပြိုင်ပွဲများတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများကို အ.မ.က(၁၈၃) ကျောင်းအုပ်ဆရာမကြီး၊ ရွှေသောင်ယံမြို့ ပြန်/ဆက်ဦးစီးမှူးနှင့် ဆရာ၊ ဆရာမများမှ ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲသို့ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အ.မ.က(၁၈၃) ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 

ကိုကိုမောင်

ရွှေသောင်ယံ(ပြန်/ဆက်)