မိုင်းခတ်၊ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
အားကစားပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူများက ထုပ်ဆီးတိုးပြိုင်ပွဲနှင့် အခြားအာကစားနည်းများ၊ အငယ်တန်း ကျောင်းသား/ကျောင်းသူများက မုန့်စားပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲနှင့် အခြားအားကစားနည်းမျိုးစုံ ကျင်းပပေးခဲ့ပြီး အားကစားပြိုင်ပွဲကို ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)