နေပြည်တော်   ဒီဇင်ဘာ   ၂၃

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကြီးမှူးကျင်းပသည့် မိုဘိုင်းဖုန်း ပြုပြင်နည်း သင်တန်းနှင့် အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာတင်က “သင်တန်းသား သင်တန်းသူများအနေဖြင့် ဌာနက သင်ကြားပေးလိုက်တဲ့ အသိပညာ၊ အတတ်ပညာများကို တိုးတက် တတ်မြောက်အောင် လေ့လာသင်ယူပြီး ဌာနအကျိုးနှင့် ပြည်သူ့အကျိုးအတွက် ပြန်လည်မျှဝေ သင်ကြားပေးကြစေလိုကြောင်း” ပြောကြားသည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အခြေခံကွန်ပျူတာ သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူး(ပြန်/ဆက်) ဦးကျော်ဆင့်က မိုဘိုင်းဖုန်း ပြုပြင်နည်း သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ရာ သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့က လက်ခံရယူ ကြသည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အခြေခံကွန်ပျူတာ သင်တန်းနှင့် မိုဘိုင်းဖုန်းပြုပြင်နည်း သင်တန်းများ ဖွင့်လှစ်သင်ကြားမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ခန့်ဝင်းကျော်(ပြန်/ဆက်)