နေပြည်တော် ဒီဇင်ဘာ ၂၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် လာမည့်(၂၀၂၂) ခုနှစ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် နာရီတွင် ဆေးတက္ကသိုလ်() စာကြည့်တိုက်ရှိ အစည်းအဝေးခန်းမမှတစ်ဆင့် Zoom Meeting ဖြင့် တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် Covishield (၁၃ ဒသမ ) သန်း၊ Sasakawa foundation မှ လှူဒါန်းသည့် Covaxin () သန်း၊ အိန္ဒိယ နိုင်ငံမှလှူဒါန်းမည့် Covaxin () သန်း၊ တရုတ်နိုင်ငံမှလှူဒါန်းမည့် Sinovac ()သန်း ရရှိရန် ရှိပါကြောင်း၊ (၂၀၂၂) ခုနှစ် ဇန်နဝါရီလ တွင် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light () သန်း၊ ဖေဖော်ဝါရီလမှစတင်၍ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့် Sinpopharm ကာကွယ်ဆေးများ လစဉ်() သန်းခန့် ရရှိရန်ရှိသည့်အတွက် ကာကွယ်ဆေးများကို စနစ်တကျ၊ အလေအလွင့်၊ အပျက်အစီးမရှိဘဲ ထိရောက်စွာအသုံးပြုနိုင်ရေးကို  အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ၏ သက်တမ်းကုန်ဆုံးရက်မတိုင်မီ နိုင်ငံသူ၊ နိုင်ငံသားများအား ကာကွယ်ဆေးများ အာနိသင်မပျက် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ကာကွယ်ဆေးများ လက်ခံ၊ ထိန်းသိမ်း၊ ထားသို၊ ဖြန့်ဝေ၊ ထိုးနှံသည့် အဆင့်တိုင်းတွင် ကာကွယ်ဆေးအလိုက် ထိန်းသိမ်းထားရှိရမည့် အအေးလမ်းကြောင်းကို အထူးအလေးထား ဂရုပြုဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ဦးဆောင်လမ်းညွှန်မှုဖြင့် လာမည့် (၂၀၂၂)ခုနှစ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်း က (၂၀၂၂) ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့်လုပ်ငန်း၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်မည့် အစီအစဉ်များအနက် ကာကွယ်ဆေးထိုးနှံရန် ကျန်သေးသည့် ဦးတည်အုပ်စုအသီးသီးကို ဆက်လက်ထိုးနှံမည့် ဆေးအမျိုးအစားနှင့် အသေးစိတ်စီမံချက်များ၊  ထပ်ဆောင်းထိုးနှံပေးမည့် ဦးတည်အုပ်စု၊ ဆေးအမျိုးအစားနှင့် ထိုးနှံမည့်အစီအစဉ် အသေးစိတ်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြဆွေးနွေးချက်များနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ကင်ဆာရောဂါ ကုသဆောင် ( ထပ်ဆောင်) သို့သွားရောက်၍ ကင်ဆာရောဂါ ဝေဒနာရှင်များစိတ်ချမ်းသာစွာ ဆေးကုသနိုင်ရေး ကင်ဆာရောဂါလူနာများ ဓါတ်ရောင်ခြည်ကုသမှုအတွက် စောင့်ဆိုင်းရသည့် အချိန်လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ()ထပ် ဆေးကုသဆောင် (အသစ်) ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ အလေအလွင့်မရှိစေရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားသည်။

ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center တွင် ရန်ကုန်ပြည်သူ့ ဆေးရုံမှ တာဝန်ရှိသူများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများနှင့် တွေ့ဆုံ၍ လူနာများအားကိုးနိုင် သည့်ဆေးရုံဖြစ်ရေး၊ စေတနာဖြင့် လက်ခံကုသမှုပေးရေး တို့ကိုမှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးချက်များကို ပြန်လည်ဆွေးနွေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)