နေပြည်တော် ဒီဇင်ဘာ ၂၄
အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVAXIN DOTS: golge: ပေးအပ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၄ နာရီခွဲတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ရှရီဟော့ရှ်ဗော့ဒ်ဟန်ရှရင်ဂလာ က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကိုယ်စားလှယ် ဦးမြင့်ထွန်းဟန်ထံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၏ရှေ့မှောက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားသို့ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်နှင့်အတူ အိန္ဒိယကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဆော်ရက်(ဘ်)ကူမားနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံကလှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို လေကြောင်းဖြင့် အသုတ်လိုက် ပေးပို့သွားမည်ဖြစ်ပြီး ပထမအသုတ် ပို့ဆောင်မှုအဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒီဇင်ဘာ ၂၂ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်