မိုင်းပျဉ်းဒီဇင်ဘာ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း များ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်က ယမ်းမိုင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော ယမ်းမိုင်ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၅၂)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၇၇)ကတ်ကို လဝကမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကိုလည်း ကျေးရွာများအရောက်ကွင်းဆင်း၍ ပေးအပ်ခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)