ဟုမ္မလင်း ဒီဇင်ဘာ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ နှစ်ရှည်သီးနှံ၊ နှစ်တိုသီးနှံများကို မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန် သီးနှံများစိုက်ပျိုးထုတ်လုပ်တတ်စေရန် သီးနှံစုံ စိုက်ပျိုးထုတ်လုပ်ရေး နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါရုံးသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် မိရိုးဖလာစိုက်ပျိုးခြင်းသာမဟုတ်ပဲ အခြေခံသီးနှံစုံ စိုက်ပျိုးထုတ်လုပ်တတ်စေရန်၊ သီးနှံ စိုက်ပျိုးဆိုင်ရာ အလေ့ကျင့်ကောင်းများ (Good Agricultural Practices) နှင့်အညီ တောင်သူများသီးနှံစိုက်ပျိုး ထုတ်လုပ်၍ ဝင်ငွေတိုးတက်ရရှိစေရန်၊ စပါး၊ ဆီထွက်သီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ ဟင်းသီးဟင်ရွက် စိုက်ပျိုး နည်းစနစ်များ၊ သီးနှံစိုက်ပျိုးထိန်းသိမ်းနည်းများ၊ သီးနှံကိုင်းကူးနည်းများ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေး နည်းလမ်းများကို ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၃)ရွာမှ ဒေသခံတောင်သူ(၂၅) ဦးတို့အား စာတွေ့လက်တွေ့ တစ်ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဌာန တာဝန်ခံ ဒေါ်စုစုထွေးထံမှ သိရသည်။

ဧဆက်(ဟုမ္မလင်း)