နတ်မောက် ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိတ်ဓာတ်ဖြူစင်ကရုဏာရှင် လူမှုကူညီရေးအသင်းနှင့် မေတ္တာမီးအိမ် ပရဟိတအသင်းတို့ပူးပေါင်းပြီး ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ လှူဒါန်းကူညီသည့် ဆန်၊ ဆီတို့ကို ဒီဇင်ဘာ ၂၃ ရက်က ကြူချောင်းကျေးရွာရှိ အိမ်ထောင်စု(၂၅)စုအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အခြေခံလူတန်းစား အိမ်ထောင်စု(၂၅)စုအား တစ်အိမ်ထောင်လျှင် ဆန် (၃)ပြည်၊ ဆီ (၁) ပိဿာနှုန်းဖြင့် နတ်မောက်မြို့နယ် နတ်မောက်ကွန်ရက် ပရဟိတလူမှုအကျိုးပြုအသင်းနှင့် မေတ္တာမီးအိမ် ပရဟိတအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်(နတ်မောက်)